အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်း (၂၀၀)၌ တက်ရောက်သူကျောင်းသား/သူ စုစုပေါင်း (၃၄၇၀၂)ဦးရှိ

အိမ်မဲ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တွင် ရပ်ကွက် ကျေးရွာအုပ်စု (၁၀၂)အုပ်စု ရှိ အခြေခံပညာကျောင်း (၂၀၀)၌ ယနေ့တွင် တက်ရောက်သူ ကျောင်းသား/သူ (၃၄၇၀၂)ဦး ရှိကြောင်းသိရသည်။

အဆိုပါ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာတတ်ရောက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)