ဇီးကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းအားလုံး စတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြား

ဇီးကုန်း ဇွန် ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်တွင် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၆)ကျောင်း၊ မူလတန်းလွန် ကျောင်း(၇)ကျောင်း၊ မူလတန်းကျောင်း(၇၄)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၂)ကျောင်း စုစုပေါင်း (၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၅)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ပြီး၊ ကျောင်းအပ်နှံထားသော ကျောင်းသားဦးရေ(၁၀၁၄၂)ဦးရှိကြောင်း၊ ယနေ့တွင် အခြေခံပညာကျောင်းအားလုံး စတင်ဖွင့်လှစ်၍ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)