မုဒုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

မုဒုံ ဇွန် ၁

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများစိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးအတွက် နှစ်စဥ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာရှိ တောင်သူများအား  ချေးငွေးများ ထုတ်ချေးပေးသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ​အဆိုပါကျေးရွာရှိ တောင်သူ ၃၂ ဦးအား လယ်ဧက ၂၂၇ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ၃၄၀၅၀၀၀၀ ကျပ်ကို မုဒုံမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံက စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့သည်။   မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူတစ်ဦးလျှင် အများဆုံး လယ် ၁၀ ဧက အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် မြို့နယ်အတွင်းရှိ ယနေ့ထိ ကျေးရွာခြောက်ရွာမှ တောင်သူဦးရေ  ၁၆၄  ဦး  လယ်ဧက ၁၁၈၇ ဧကချေးငွေစုစုပေါင်း ၁၇၈၀၅၀၀၀၀ ကျပ်ကိုထုတ်ချေးပေးပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် ထုတ်ချေးရန်လျာထားလယ်ဧက ၂၄၉၁၀ ဧကကို လျာထားငွေကျပ် ၃၇၃၆၅ ကျပ်သိန်းအား ထုတ်ချေးပေးရန် စီစဥ်ထားကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)