ထီးချိုင့် ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းအဖွဲ့ဝင်များနှင့်ရဲမှူးပြေဦးတို့က လိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ် ကေသီဇင်နှင့် ဆရာ/ဆရာမများ၊ ကျေးရွာအလိုက် အခြေခံကျောင်းများမှ ကျောင်းအုပ် ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ထီးချိုင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက (၃) ကျောင်း၊ အလက(၁ )ကျောင်း၊ အလကခွဲ (၄ ) ကျောင်း၊ မူလတန်းလွန် ( ၄) ကျောင်း၊ မူလတန်း (၆) ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၁၈) ကျောင်းဖွင့် လှစ်နိုင်စကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)