ကန့်ဘလူ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်၊ မီးဘေး၊ လေဘေး နှင့် မိုင်းနင်းမိဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှ ဘေးသင့်မိသားစုဝင်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ ဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။ စုစုပေါင်း ငွေကျပ် ၄၂၆၃၃၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)