သံဖြူဇရပ် ဇွန် ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီကစားသုံးသူရေးရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက စားသုံးသူပြည်သူများသတိပြုရမည့်အချက်များကို သိရှိစေနိုင်ရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သံဖြူဇရပ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးအောင်ကိုကိုက စာသုံးသူများ၏အခွင့်အရေး(၈)ချက်၊ စားသုံးသူများ၏တာဝန်(၄)ချက်၊ စားသုံးသူများက နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် ဆောင်ရွက်ပေးနိုင်သောအချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။၊
သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)