မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်း ဖွင့်လှစ်

ရန်ကုန်  ဇွန် 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) တို့ပူးပေါင်း၍သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် စာကြည့်တိုက်များအတွက် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ၊ မီဒီယာကျင့်ဝတ်စာအုပ်များကို လှူဒါန်းရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး၊ ဒေါ်စန္ဒာမိုးက လက်ခံရယူသည်။

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က “နိုင်ငံ့အရေးနှင့်သတင်းမီဒီယာများ၏အခန်းကဏ္ဍ” နှင့်“သတင်းသမားသစ္စာတရား”၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည်စုံက သတင်းအမှား၊ သတင်းအမှန်သုံးသပ်ခြင်း၊ “ပြည်သူ့ဆက်ဆံရေးအကြောင်းသိကောင်းစရာ” နှင့် “သတင်းသမားကောင်းဆိုသည်မှာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းဝင်းက “ဝေါဟာရရှင်းလင်းချက်”၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းက “Social Media”များ၏အခန်းကဏ္ဍ၊နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊

ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး၊ ဒေါ်စန္ဒာမိုးက” သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့်ကျင့်ဝတ်များ”ကိုအသီးသီးဆွေးနွေးပို့ချသည်။ အဆိုပါသင်တန်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ၁၂မြို့နယ်မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာဇွန်()မှ()ရက်နေ့အထိ နှစ်ရက်ကြာစာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)