ခန္တီး ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လ ၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားကာ ခန္တီးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံအရာရှိ ဒေါ်ခိုင်ဝေမွနက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိန်းအမှတ် Video Clip ပြသခြင်းနှင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်မှပေးပို့သည့် သဝဏ်လွှာ Video Clip အားပြသကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)