လွယ်ဂျယ်မြို့၌ မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လွယ်ဂျယ် ဇွန် ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို လွယ်ဂျယ်မြို့ အောင်ချမ်းသာ ရပ်ကွက် ဘောလုံးကွင်းတွင် ဇွန် ၃ ရက်နေ့ နေ့လယ် ၃ နာရီတွင် ကျင်းပသည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်မည့် ဘောလုံးအသင်းများက ကွင်းအတွင်း နေရာယူကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက အဖွင့်အမှာစကား ပြောကြား ပြီး ဒိုင်အဖွဲ့ဝင်တစ်ဦးက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် ဌာနဆိုင်ရာ FC  နှင့် Agent  FC တို့ ချစ်ကြည်ရေး ခြေစမ်းကစားကြရာ ဌာနဆိုင်ရာ FC  အသင်းက  Agent  FC အသင်းကို ၈ ဂိုး ၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့ ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၉ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရအသင်းများကို ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုများကို လည်းကောင်း ထိုက်တန်စွာ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ် (ပြန်/ဆက်)