လပွတ္တာမြို့နယ်အတွင်းရှိ ပြည်သူများအကြမ်းဖက်သမားများ ဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ

လပွတ္တာ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ ဇွန်လ၄ရက်နေ့ ည ၁၀ နာရီကစတင်၍ ​မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မူးတင်မောင်သက်

နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဦးသက်နိုင်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှ အမှတ် (၄) ရပ်ကွက်၊ ခေမာလမ်းတစ်လျောက်၌ ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။

လပွတ္တာမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှု့ခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)