ရွှေဘိုတက္ကသိုလ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

​ရွှေဘို ဇွန် ၅

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်​နေ့တွင် ကျ​ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ (World Environment Day) အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးတွင် ယ​မန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ အမှတ်(၅) စစ်အုပ်ချုပ်​ရေးနယ်​​မြေမှူး ဗိုလ်မှူးကြီး ​အောင်​အောင်နှင့် ဇနီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ သစ်​တောဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​​​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊​​ ရွှေဘို တက္ကသိုလ် ပါ​မောက္ခချုပ် ဆရာမကြီး ​​ဒေါက်တာမျိုးမျိုးနှင့် ဒုပါ​​မောက္ခချုပ် ဆရာမကြီး ​ဒေါက်တာတင်တင်ရီနှင့် ပါ​မောက္ခ၊ ကထိက၊ ဌာနမှူးများ တက်​ရောက်လာသူများက သတ်မှတ်ထားသည့် နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အမှတ်(၅) စစ်အုပ်ချုပ်​ရေးနယ်​မြေမှူးနှင့် ခရိုင်စီမံအုပ်ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို လှည့်လည်ကြည့်ရှုအားပေးကာ အမှတ် တရ စု​ပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းပင်၊ ဗန်ဒါပင်၊ မယ်ဇယ်ပင်၊ ​ရေတမာပင်နှင့် တမာပင် စုစုပေါင်း ပျိုးပင်(၂၆၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်