မြန်အောင်မြို့နယ် တောင်ရိုးဒေသဖွံ့ဖြိုးရေးအတွက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တောင်ရိုးဒေသ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ ဂဠုန်တောင်ကျောင်းတိုက်တွင် ယနေ့နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ တောင်ရိုးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုသိမ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ လူနေအိမ်နှင့် စာသင်ကျောင်းများရှိရေတွင်း၊ ရေကန်များနှင့်ပိုးလောက်လန်းပေါက်ပွားနိုင်သောနေရာများအား ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အထောက်အကူပြု အဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြသည်။

သာပေါင်းမြို့နယ်၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်း လျှောရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(သာပေါင်း) သော်ကဆောင်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ ဇွန်လ ၆ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှု နိုင်‌စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ IDPs စခန်း (၄)ခု၊ ပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၁၂)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ရွှေ့ပြောင်းနေရာချထား ပေးနိုင်ခဲ့၊ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်‌ထောင်စုများအားထ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အဖွဲ့အစည်းအသီး သီးနှင့် ပူးပေါင်းချိတ်ဆက်၍ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ IDPs စခန်း (၄)ခုပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၁၂)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပေးနိုင်ခဲ့ကြောင်း ယနေ့နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။

ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်း နှင့်ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များက ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ငပုတောမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်ကော်မတီနှင့် ကဏ္ဍအလိုက်ကော်မတီများ ချေးငွေထုတ်ပေးရေး သွင်းအားစု ပံ့ပိုးပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ် ကော်မတီနှင့် ကဏ္ဍအလိုက်ကော်မတီများ ချေးငွေထုတ်ပေးရေး သွင်းအားစုပံ့ပိုးပေးရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် ကော်မတီဝင် များ တက်ရောက်ခဲ့ကြသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်လျက်ရှိသော PPTT(၉/၂၀၂၃) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။

မြောင်းမြမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အလေးထားဆောင်ရွက်ပေး ခေါင်းစဥ်ဖြင့် အမျိုးသမီးရေးရာအဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က မြောင်းမြမြို့ အမျိုးသမီးရေးရာအဖွဲ့က ကလေးအလုပ်သမားပပျောက်ရေး အလေးထားဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးရာတွင် လျင်​​မြန်လွယ်ကူသည့်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေး ကျေးရွာတောင်သူများနှင့် ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၂) နာရီအချိန်က ရေသျှံကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။
Subscribe to