ရခိုင်ပြည်နယ် မောင်တောမြို့တွင် မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့်  ကျေးရွာများအတွင်း ယာယီတဲများ တည်‌ဆောက်နေမှုများနှင့် ပြည်သူများနေထိုင်နေမှုအား ဗိုလ်မှူးချုပ် တင်ဆွေနှင့်တာ၀န်ရှိသူများ လိုက်လံကြည့်ရှု

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့်  ကျေးရွာများအတွင်း ယာယီတဲများ တည်‌ဆောက်နေမှုများနှင့် ယာယီတဲအတွင်း ပြည်သူများနေထိုင်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နေ့လည်ပိုင်းက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club တို့ ပူးပေါင်း၍ “ဆေးလိပ်အန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ (မိုခါ)မုန်တိုင်းသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရမ္မာဝတီ ခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ပြန်လည်ထုတ်ပေးမှုအား ဒေသခံပြည်သူများထံသို့ စနစ်တကျ ကြပ်မတ် ထုတ်ပေးသွားရန် လမ်းညွှန်မှာကြားသည်။

တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၌ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက မိုးဦးကာလတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က-ပေါက်တောကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေးအတွက်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေးအတွက် တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့တွင် မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဇွန်လ (၄) ရက်နေ့က မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှူံးသွားသော အိမ်ထောင်စု(၁)စုနှင့် မီးဘေးသင့်သေဆုံးသူ တစ်ဦးအတွက်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နေ့နံနက် (၁၁) နာရီအချိန်က ကြံခင်းမြို့ ဧရာသီရိခန်းမတွင် ထောက်ပံ့ပေးကြောင်း သိရသည်။
Subscribe to