မိုးစပါးစိုက်ပျိုးရာတွင် လျင်​​မြန်လွယ်ကူသည့်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေး ကျေးရွာတောင်သူများနှင့် ဆွေးနွေး

ဖြူး ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၂) နာရီအချိန်က ရေသျှံကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးတင်မောင်ဆွေ၊ လက်ထောက်ဦးစီးမှူး ဒေါ်ခင်သီတာဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာတောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် ခေတ်မီနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေးနှင့် မျိုးစပါး၊ သွင်းအားစုများ ထောက်ပံ့ပေးမည့် အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍မိုးစပါးစိုက်ပျိုးရာတွင် လုပ်အားအင်အား၊ စရိတ်သက်သာပြီး တစ်ရက် (၄) ဧကနှုန်းစိုက်ပျိုးနိုင်သည့် မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးကြရေးနှင့် မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးရာတွင်ရရှိမည့် အကျိုးကျေးဇူးများကို အသိပညာပေးခဲ့ကြောင်း သိရသည်။

​နေမျိုးလွင် (ပြန်/ဆက်)