ငပုတော ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ် ကော်မတီနှင့် ကဏ္ဍအလိုက်ကော်မတီများ ချေးငွေထုတ်ပေးရေး သွင်းအားစုပံ့ပိုးပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ မတည်ထုတ်ချေးရေးဆိုင်ရာ ရန်ပုံငွေများ ထုတ်ချေး ရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်း များအား လေ့လာမှတ်သားထားကြရန်နှင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပါက အသေးစိတ်ရှင်းလင်း နိုင်ရေး၊ မျိုးသန့်မျိုးစပါးထုတ် စိုက်ပျိုးမည့် တောင်သူ (၄၇)ဦး၏ လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ ကျန်များကျန်ရှိမှု ရှိ/မရှိ ကြိုတင်စိစစ်ထားကြရန်နှင့် တောင်သူများနှင့် တွေ့ဆုံရှင်းလင်း အသိပေးရန်၊ ရေငံပုစွန်မွေးမြူရေးနှင့် ပတ်သတ်၍ မတည်ထောက်ပံ့ချေးငွေများ ရယူလိုကြောင်း ထက်မံလျှောက်ထား တင်ပြမှုများရှိပါက လက်ခံစာရင်းပြုုစုပြီး ကြိုတင်ပြုစုထားရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီးနောက် ကော်မတီဝင်များက လိုအပ်သည်များ ပြန်လည်တင်ပြလာမှုများအပေါ် ကော်မတီဝင်အလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)