မြန်အောင် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တောင်ရိုးဒေသ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ ဂဠုန်တောင်ကျောင်းတိုက်တွင် ယနေ့နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ တောင်ရိုးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် တောင်ရိုးဒေသဖွံ့ဖြိုးရေးအတွက် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ အတွင်း ရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေမင်းထွန်းတို့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်းလမ်း တံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျလိုက်နာရေး၊ ကျေးရွာလမ်း များ သန့်ရှင်းသာယာလှပရေး၊ မိုးဦးကာလ ခြင်နှင့်ယင်တို့ကြောင့်ဖြစ်သော ရောဂါများဖြစ်ပွားမှုမရှိစေရန် အသိပညာပေးခြင်းများဆောင်ရွက်၍ ကျေးရွာပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)