ပုသိမ် ဇွန် ၆
ပုသိမ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ လူနေအိမ်နှင့် စာသင်ကျောင်းများရှိရေတွင်း၊ ရေကန်များနှင့်ပိုးလောက်လန်းပေါက်ပွားနိုင်သောနေရာများအား ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အထောက်အကူပြု အဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြသည်။
ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်အတွင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေးမှူး ဒေါ်မာလာဆွေ ဦးစီးသောအဖွဲ့၊ ပုသိမ်မြို့နယ်၊ အမှတ် (၉)ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစလှအေး ဦးစီးသောအဖွဲ့များက ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ ရှိ ရေအိုး၊ ကျောက်စည်၊ ရေကန်၊ ရေပုံး များအား ဖုံး၊ သွန် ၊လဲ ၊စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း ၊ ပိုးလောက်လန်းနှိမ်နင်းခြင်းလုပ်ငန်းများ အားဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းများတွင် သွေးလွန် တုပ်ကွေးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ အခြေခံပညာကျောင်းများ သန့်ရှင်း သာယာ၍ခြုံနွယ်များကင်းရှင်းပြီး ကျောင်းသား/သူများသွေးလွန်တုပ်ကွေးမဖြစ်ရေးအတွက် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များမှ နေ့စဉ်ဆောင်ရွက်လျှက်ရှိကြကြောင်း သိရှိ ရသည်။
မြင့်ဟန်