သာပေါင်း ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(သာပေါင်း) သော်ကဆောင်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ ဇွန်လ ၆ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းမှသွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား အသိပညာပေးဟော ပြောခဲ့ကြသည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်သိန်းသိန်းခိုင်မှ ဝမ်းပျက်ဝမ်းလျှော ရောဂါကွယ်ရေး သိကောင်းစရာ အသိပညာပေးဟောပြောကာ လက်ကမ်း စာစောင် များဖြန့်ဝေပေးခဲ့ကြပြီးနောက်မုန့်စားဆိုင်တန်းများအား ဝမ်းပျက်ဝမ်း လျှောရောဂါ ကာကွယ်ရေးအတွက် ရောင်းချနေသော မုန့်ပဲသရေစာ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်