မြောင်းမြ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က မြောင်းမြမြို့ အမျိုးသမီးရေးရာအဖွဲ့က ကလေးအလုပ်သမားပပျောက်ရေး အလေးထားဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင် အတွဲ ၄၉၊ အမှတ် ၁၁ တွင် ပါရှိသည့် သန့်လွင်ထွန်း (MPA) ရေးသား သည့် ကလေးအလုပ်သမားပပျောက်ရေး အလေးထားဆောင်ရွက်ပေး ဆောင်းပါးနှင့် ကလေး အလုပ်သမားများ၏ ဘဝအခြေအနေများကို မြောင်းမြမြို့ အမျိုးသမီးရေးရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ဝင်းမာနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို မြောင်းမြမြို့ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးနှင့် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မြောင်းမြ)