တောင်သာမြို့နယ်ရုံး ( Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

တောင်သာ ဇွန် ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေး ဆရာမ ဒေါက်တာခင်စန်းမော် ရေးသားသော ပညာရှင်စိတ်ထား စာအုပ်မှ ဘဝလှေကားထစ် များ အခန်းအား ဖတ်ကြားရာတွင် ဘဝလှေကားထစ်တွေဆိုတာ တစ်ထစ်ပြီးတစ်ထစ် တက်နိုင်မှ ရှေ့ခရီးဆက်နိုင်မှာဖြစ်လို့ လူငယ်တွေဟာ ပထမဆုံး အချက်အနေနဲ့ ကိုယ်ဝါသနာပါတဲ့ အရာကို သိရှိရပါမယ်။ ဒုတိယကတော့ ဝါသနာပါရာကို သေချာသိရှိပြီးဆိုတာနဲ့ ရည်မှန်းချက်ပန်းတိုင် ထားရှိရမှာဖြစ်ကြောင်း ကိုယ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အစွမ်းကုန်ကြိုးစား အားထုတ်ရမှာက တတိယအချက် ဖြစ်ကြောင်း နောက်ဆုံး စတုတ္ထအချက်ကတော့ မျှော်မှန်းထားတဲ့ရလဒ် ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ကျော်မျိုးနိုင်(တောင်သာ)