ဒဂုံမြောက် ဇွန် ၇
မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၃၉)ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းက အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား ခြင်မှဖြစ်ပွားတတ်သည့် ရောဂါများနှင့် သွေးလွန်တုပ်ကွေးရောဂါများမှ ကင်းဝေးစေရန် ရေတင်ကျန်ပြီး ခြင်များပေါက်ပွားနိုင်သည့် ဘူးများ၊ ခွက်များ၊ တာယာများ၊ ရေပုံး၊ ရေအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်၍ ရေစည်များ၊ အုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အမှတ်(၃၉)ရပ်ကွက်အတွင်းရှိ ဗိုလ်ဆွန်ပက်လမ်းတစ်လျှောက် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ