ထန်းတပင်(ပဲခူး) ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် AIt GIS နည်းပညာအသုံးပြု၍ Census units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ် မြို့ပေါ် (၆)ရပ်ကွက်အတွင်း AIt GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ရုံးချုပ်)ပညာရှင်ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူးဦးထိန်၀င်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ Computer/ Laptop/ Mobile Tablet များဖြင့် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်း၊ စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်သည်။
အဆိုပါသန်းခေါင်စာရင်းယူနစ်များနှင့် မြေပုံများရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ တောင်ငူခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)