ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး ဧက ၃၄၀၀၀ ကျော် စိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစပါး ဧက ၃၄၀၀၀ ကျော် လျာထား စိုက်ပျိုးမည်‌ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉‌၃ ဧကလျာထားပါတယ်။ မြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် ချောင်း၊ မြောင်းနဲ့ မြေအောက် ရေတင်ပြီး မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်းများ ဆောင်ရွက်‌နေကြပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ပညာပေး သင်တန်းများဖွင့်လှစ်ခြင်း၊ ပျိုးထောင် နည်းလက်တွေ့ပြသခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ပဲမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေကြ ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ