မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အ‌သေးစားစက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုး‌ရေလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ဇွန်လ ၆ ရက်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ နောင်တရားဒေသအတွင်းရှိ စက်ရုံများသို့ ကွင်းဆင်းလေ့လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်းရှိ စက်ရုံများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက နောင်တရားမြို့ လက်ဖက်အချိုခြောက်စက်ရုံနှင့် သစ်သီးအခြောက်ခံစက်ရုံ၊ အာလူးအအေးခန်း စက်ရုံ၊ သာဘဝမြေဩဇာစက်ရုံ၊ နဂါးဘီလပ်မြေစက်ရုံများသို့ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းလေ့လာသည်။

ဝါးခယ်မမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၆ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂) တွင် ကျင်းပသည်။

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို နန့်ပုတ်ကျေးရွာတွင် ဇွန်လ (၁)ရက်မှ (၃၀)ရက်ထိ တစ်လကြာ အခမဲ့ဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပညာရေးဒီဂရီကောလိပ်(မကွေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်သင်ပညာသင်တန်း PPTT ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်သင်ပညာသင်တန်း PPTT( ၉/ ၂၀၂၃)ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နံနက် ၉ နာရီက မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေလယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။

မအူပင်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ယမန်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်ခန့်တွင် မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ရာ အမှတ် (၃)ရပ်ကွက် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော် စောင်းသွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားအနီးရှိ မိုးကုတ်ဝိပဿနာတရားစခန်းမှ သီလရှင် ဒေါ်ဝိမာလနှင့် အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းလမ်းနေ ယောဂီဒေါ်ရီရီတင့်တို့သည် ဆန်းရှိတ်နှင့် ကျောက်ထုတ်ပြိုကျရာမှပိ၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ရသည်။

ကန့်ဘလူမြို့တွင် သရက်ပြား ပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သရက်သီးများ အများအပြားပေါ်ချိန် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များအား သရက်ပြားပြုလုပ်ရောင်းချ ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သရက်ပြားပြုလုပ်ရောင်းချသူများထံမှ သိရသည်။

ကန့်ဘလူခရိုင်၌ မိုးရာသီသီးနှံစုံဧက ၆၈၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအား ထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် ဆည်ရေ သောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက် ရေတင်စနစ် များဖြင့် ခရိုင်အတွင်းရှိမြို့နယ်များတွင် မိုးရာသီသီးနှံစုံ ၆၈၉၇၆၃ ဧကကို လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to