ရွှေတောင်မြို့တွင် ဆီလုပ်ငန်းရှင်များမှ ဒေသခံပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချ

ရွှေတောင် ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ယမန်နေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆီများရောင်းချရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ဆီလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရှိ ဒေသခံပြည်သူများသို့ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီ(၁)ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၃၀၀)အတွက် တစ်အိမ်ထောင်လျှင် (၁)ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန် / ဆက်)