နမ့်စန်တွင် ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်() ဇွန် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၁ နာရီက  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်တို့က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ်ညစ်ညမ်းမှု အကြောင်းအရင်းများ၊ ပလတ်စတစ် ညစ်ညမ်းခြင်းကြောင့် ပတ်ဝန်းကျင် ပေါ်သက်ရောက်မှု၊ ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့လျခြင်းနည်းလမ်းများနှင့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းဆောင်ရွက်သင့်သည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsan Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)