ကွမ်းခြံကုန်း ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရေတိမ်ကျေးရွာ အ-မ-က တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကွမ်းခြံကုန်းမြို့နယ် မြို့နယ်တာဝန်ခံ (ဒေါ်နွယ်နွယ်အေး)က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်းကြားနိုင်ခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့် အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာပြန်လည်ဖြေကြားပြီး စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)