ကျောင်းဝတ်စုံများသန်လျင်၌ ထောက်ပံ့လှူဒါန်း

သန်လျင် ဇွန် ၈

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဆုထူးပန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများနှင့် ယောဂီသုံးသဘက်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က အဆိုပါ ဘကကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာဆုထူးပန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်ထံမှ သီလခံယူ ဆောက်တည်ကြပြီး မန္တလေးမြို့ ရွှေမန်းမောင်ပိုးထည်တိုက်မှ ပေးပို့လှူဒါန်းသော ကျပ် သိန်း(၅၀)တန်ဘိုးရှိ ကျောင်းဝတ်စုံ(၄၈၇)ထည်၊ယောဂီများအတွက်တဘက်ညို(၂၅၆)ထည်တို့ကို အလှူရှင်များကိုယ်စား သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ဇွန် ၁ ရက်မှစ၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျှော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်