မိုင်းခတ်မြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

မိုင်းခတ် ဇွန် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေးအစီအစဥ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး‌ ဒေါ်နန်းနွယ်နီအောင်က Talk Show ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး လူငယ်ဘဝလှပရေး ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်မှ ခေတ်ကာလ အလိုက်လူငယ်များ၏ မူးယစ်ဆေးဝါးနှင့် ကင်းဝေးပြီးတီထွင်ဖန်တီးမှု စွမ်းရည်ဖြင့်ဘဝတိုးတက်ရေးနည်းလမ်းများ၊ အသိပညာ စာကောင်းပေမွန် ဖြင့် ဘဝကိုတိုးတက်စေမည့် နည်းလမ်းများအကြောင်း ဆွေးနွေးပြောကြားပြီး၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းခင်ညွန့်က မူးယစ်ဆေးသုံးစွဲသူများ၏ လက္ခဏာများအကြောင်း အသိပညာ‌ပေး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သား နိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသ ပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong khatt Facebook Page တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/‌ဆက်)