လပွတ္တာမြို့နယ်၌ အခြေခံကျေးလက်တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး အသိပညာပေးသင်တန်းဖွင့်လှစ်

လပွတ္တာ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စွမ်းဆောင်ရှင်အမျိုးသမီး လူမှုဖွံ့ဖြိုးရေးကူညီမှုအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကျေးလက်တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးအသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်နိုင်သိန်းက အခြေခံကျေးလက်တိရစ္ဆာန် ကျန်းမာရေးအကြောင်း အရာများ၊ မွေးမြူရေးဆိုင်ရာ အကြောင်းတို့ကို စာတွေ့/လက်တွေ့ပို့ချခဲ့သည်။ စွမ်းဆောင်ရှင်အမျိုးသမီးလူမှုဖွံ့ဖြိုးရေး ကူညီမှုအသင်း မန်နေဂျာ ဦးဇော်လတ်က သင်တန်းတွင်ကူညီပံ့ပိုးမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလမှာ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီ သင်တန်းသား (၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာပြန်/ဆက်