၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ ညောင်ဦးခရိုင်၌ အောင်မြင်မှု ရာခိုင်နှုန်း ၇၄.၂၆ ရာခိုင်နှုန်း အောင်မြင်

ညောင်ဦး  ဇွန်  ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၉ ရက်၊ နံနက် ၆နာရီ မှစတင်၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် အောင်မြင်မှု ရာခိုင်နှုန်း ၇၄.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင်ထံက သိရသည်။

ညောင်ဦးခရိုင်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမှု ညောင်ဦးမြို့နယ်၌ ကျောင်းသား/သူ (၅၃၆) ဦးဝင်ရောက်ဖြေဆိုရာ တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူ (၃၅၈)ဦး နှင့် ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူ(၁၀၇၆)ဦး ဝင်ရောက်ဖြေဆိုရာ (၈၃၉)ဦး တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်း၊ ညောင်ဦးခရိုင်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူ (၁၁၉၇)ဦးအောင်မြင်ကြောင်း သိရပြီး၊ ခြောက်ဘာသာ ဂုဏ်ထူးရှင်(၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၆၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၀၂)ဦး၊တစ်ဘာသာဂုဏ်ထူးရှင်(၂၇၈)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၆၉၇)ဦးရှိကြောင်း သိရပြီး အောင်မြင်မှု ရာခိုင်နှုန်း ၇၄.၂၆ ရာခိုင်နှုန်းရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ဒီပါလင်း