တောင်ကြီး ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက တောင်ကြီးမြို့ စာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းအလိုက် ဘာသာတွဲအလိုက် အောင်စာရင်းဖြေဆို အောင်မြင်သူများကို စာစစ်ဌာနအလိုက် အောင်စာရင်းကြော်ငြာထားကြောင်း သိရသည်။
အခြေခံပညာဦးစီးဌာန၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဖြေဆိုသူ ၂၀၆၂ ဦးအနက် အောင်မြင်သူ ၁၃၉၄ ဦးရှိပြီး ၆၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)