အင်းစိန်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ရန်ကုန် ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာန အသီးသီးတို့တွင် ထုတ်ပြန်ကြေညာထားပြီး ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိရာ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။

အင်းစိန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၀၀) ဉီး ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၉၆) ဉီး ဖြေဆိုအောင်မြင်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၆၃) ရာခိုင်နှုန်း ရှိပြီး ဂုဏ်ထူးရရှိသူဉီးရေမှာ ခြောက်ဘာသာဂုဏ်ထူးရှင် (၈) ဉီး၊ ငါးဘာသာဂုဏ်ထူးရှင် (၅) ဉီး၊ လေးဘာသာဂုဏ်ထူးရှင် (၁၂) ဉီး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၄) ဉီး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၂) ဉီးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၁၁၉)ဦး စုစုပေါင်း (၂၁၀) ဉီး ဂုဏ်ထူးရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇွဲထက်ကို(ပြန်/ ဆက်)