အပူပိုင်းဒေသဖြစ်သည့် ရေနံချောင်းမြို့နယ်၌ မိုးရာသီအရိပ်ရနှစ်ရှည်ပင်များ စုပေါင်းစိုက်ပျိုး

ရေနံချောင်း ဇွန် ၁၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ၂၀၂၃ ခုနှစ် မိုးရာသီအရိပ်ရ နှစ်ရှည်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ဇွန် ၁၀ ရက် နံနက် ၈ နာရီက မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၃၅၄/၀) အနီးတွင် ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် တက်ရောက် လာသူများက ယူကလစ်၊ မဲဇလီ၊ တမာ၊ ဗမာကုက္ကို စသည့် အရိပ်ရနှစ်ရှည်ပင် စုစုပေါင်း ၂၅၀ ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဖြစ်သည့်အတွက် သဘာဝ ပတ်ဝန်ကျင်း ထိန်းသိမ်းရေး၊ ရာသီဥတု သင့်သင့်မျှတစေရေး၊ အပူချိန်လျော့ချနိုင်ရေး ရည်ရွယ် ကာ မိုးရာသီသစ်ပင်စိုက်ပွဲတော် အဖြစ် ယူကလစ်ပင် ၁၀၀၊ မဲဇလီပင် ၅၀၊ တမာပင် ၅၀၊ ဗမာကုက္ကိုပင် ၅၀ စုစုပေါင်း အရိပ်ရနှစ်ရှည်ပင် ၂၅၀ ကို စုပေါင်းစိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် အပင်များ ရှင်သန်ကြီးထွားရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီးဦးမျိုးလွင်ဦးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်