တမူးမြို့တွင် မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲကျင်းပ

တမူး  ဇွန်  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲကို ဇွန်လ (၁၀) ရက်နေ့ နံနက်(၈)နာရီအချိန်က ဗောဓိတောရဘုန်းတော်ကြီး ကျောင်းတိုက်ဝန်းတွင် ကျင်းပပြု လုပ်ခဲ့ ကြောင်းသိရသည်။

စုပေါင်း မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲတွင် တမူးခရိုင်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦး က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များထံ ဝါးပျိုးပင်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်သစ်တော ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ သတ်မှတ်နေရာအသီးသီးတို့၌ဝါးပျိုး ပင်ပေါင်း (၃၀၀)ပင်ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။

အဆိုပါ ဝါးပင်များစိုက်ပျိုးခြင်းဖြင့် ဝါးရုံ၏ကျစ်လျစ်သိပ်သည်းပြီး ကွန်ရက်သဖွယ် ယှက်နွှယ်နေ သည့်မြေအောက်အမြစ်အဖွဲ့အစည်း၏ ဂုဏ်သတ္တိကြောင့်မြေဆီလွှာနှင့် ရေတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဝါးပင်များသည် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ် စေသည့် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ကို သစ်ပင်များထက် ပိုမိုစုပ်ယူပေးထားနိုင်ခြင်း၊ နှစ်စဉ်ဇီဝဒြပ်ထု ဝါးရွက်ကြွေများသည် အလွယ်တကူဆွေးမြည့်နိုင်ပြီးမြေဆီလွှာအာဟာရကို ဖြည့်တင်း ပေးခြင်းစသည့်ဂုဏ်သတ္တိများရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင်လည်း များစွာအသုံးဝင်ကြောင်း သိရသည်။

တမူးခရိုင် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးပွဲတော်ကို  နှစ်စဉ်ဆောင်ရွက် လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး အပူဒဏ်အန္တရာယ် လျော့နည်းစေရန်နှင့်   သစ်တောများပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်ကာကွယ် နိုင်စေရန် အတွက်ပျိုးပင်များကို သစ်တောဦးစီးဌာနပျိုးဥယျာဥ်ခြံ၌ စနစ်တကျပြုစုပျိုးထောင်ထား ကြောင်း၊ ပျိုးပင်များကို ခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန် ကျွန်း(၃၀၀၀) ပျဥ်းကတိုး (၁ဝ၀၀)၊ မျောက်ငို (၁၀၀၀)နှင့် ဝါး (၅၀၀၀) ပင်တို့ကို ၂၀၂၃  ခုနှစ်  မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပြည်သူများ အနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပျိုးထောင်ထားခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့သောပျိုးပင်များလည်း ယခုအခါအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ရတနာ