မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show) ကျင်းပ

မိုင်းငေါ့ ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show) ကို ယ‌နေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အသိပညာပေးဆွေးနွေးပွဲ Talk Show လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်နှင်းဆီက မူးယစ်ဆေးသုံးစွဲနေသော လူငယ်များ၏ အမူအကျင့်များ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

အသိပညာပေးလုပ်ငန်းမျာကို သိရှိနိုင်စေရန်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းငေါ့မြို့ရုံးအ‌နေဖြင့် အသိပညာ‌ပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) များ၊ ပြိုင်ပွဲများကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။          

မြင့်မြင့်သွယ် (မိုင်းငေါ့  ပြန်/ဆက်)