မိုင်းခုတ်မြို့၌ ဒေသထွက် ငရုပ်သီးများစျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ငရုပ်သီးများ စျေးကောင်းရ၍ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ကတ်ကျေးရွာမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူဦးစိုင်းဟန်ခေးထံမှ သိရသည်။

မိုင်းခုတ်မြို့တွင် ငရုပ်သီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြခြင်း မရှိသော်လည်း မိမိ၏ နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဒေသထွက်ငရုပ်သီးများသည် အရသာအလွန်စပ်ကြောင်း ကြိုက်နှစ်သက်သူများပြားကြကြောင်းနှင့် နို့ဆီဗူးတစ်ဗူးလျှင် တစ်ဗူးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

အဆိုပါ ငရုပ်သီးပင်များကို တစ်ပင်နှင့်တစ်ပင် (၁၀) လက်မ၊ တစ်တန်းနှင့် တစ်တန်း (၁၅) လက်မရွှေ့ပြောင်းစိုက်ကြောင်း၊  ငရုတ်သီးများရင့်မှည့်ရန်အတွက်အချိန် (ရက်၉၀ မှ၁၅၀) ကြာပြီး ရင့်မှည့်လာသည်နှင့် ခူးဆွတ်ပါက အသီးလိုက်အားပိုမိုကောင်းပြီး ကြာရှည်စွာ အသီးများသီးကြောင်း သိရသည်။

သီတာအေး ( ပြန်/ဆက် )