သဲကုန်း​မြို့နယ်၌ အသက် (၅) နှစ်အောက် ကလေးများအား အဟာရဖွံ့ဖြိုး​ရေးဆိုင်ရာ ကျန်းမာရေးစောင့်​ရှောက်မှုများ ဆောင်ရွက်ပေး

သဲကုန်း ဇွန် ၁၃

ပဲခူးတိုင်း​​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား အဟာရဖွံ့ဖြိုးမှုဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတို့တွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာ​​ရေးစစ်ဆေးခြင်းလုင်ငန်းများကို မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ ကလေးငယ်များအဟာရဖွံ့ဖြိုးမှု စနစ်တကျရှိစေရန်စစ်ဆေးပေးခြင်း၊ အဟာရချို့တဲ့သော ကလေးငယ်များအား အသင့်စာသုံးနိုင်သော အဟာရဖြည့်စွတ်စာများပေးခြင်းများကို မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ အသက် (၅) နှစ်အောက် ကလေးငယ် (၃၂၅) ဦးအား အလှည့်ကျစနစ်ဖြင့် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။ 

ကိုကျော် (ပြန်/ဆက်)