ကလေးဝမြို့တွင် ကောက်ရိုးမှိုစိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းနှင့် ကွင်းပြပွဲပြုလုပ်

ကလေးဝ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဒေသခံတောင်သူများ အပိုဝင်ငွေရရှိရေးနှင့် ပြည်သူများ စားနပ်ရိက္ခာပိုမိုဖူလုံစေရေးအတွက် ဂျပ်စက္ကူနှင့် နွားချေး သို့မဟုတ်​ ဗေဒါကို အသုံးပြု၍ ​ ကောက်ရိုးမှို စိုက်ပျိုးခြင်းသင်တန်းနှင့် ကွင်းပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကောက်ရိုးမှိုစိုက်ပျိုးပုံ နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဒေသခံတောင်သူများအား လက်တွေ့စိုက်ပျိုးပြသခဲ့ပြီး ကောက်ရိုးမှို ပျိုးထုတ်များနှင့် မှိုအားဆေးများကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာဖိတ်ကြားထားသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် ဒေသခံတောင်သူများ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်)