အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မပျက်မကွက်ထိုးနှံရေး အသိပေးနှိုးဆော်

အင်္ဂပူ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းများတွင်  Hand  Speaker ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (BA4/BA5) ကူးစက်ပျံ့နှံ့မှုမှ  ကြိုတင်ကာကွယ်နိုင်ရန်  ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်ရန်၊  နေအိမ်ပြင်ပ ထွက်ပါကနှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်‌ကြရန်၊ လူစုလူဝေးနေရာများကို ရှောင်ကြဥ်‌ရန်၊ လက်ကို စနစ်တကျဆေးကြော‌ရန်၊  ပြင်ပမှပြန်လာလျှင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ   စွန့်ပစ်ရန်နှင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများကလည်း (Mask)တပ်၍ ‌ဈေးရောင်း/ဝယ်များပြုလုပ်ရန်နှင့် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ကာကွယ်ဆေးများကိုလည်း ရာနှုန်းပြည့် လွှမ်းခြုံမှုအပြည့်အဝ ရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေ ပြည့်ဝစွာ ထိုးနှံကြပါရန်နှင့်  ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြစ်ပေါ်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ဆေးကုသမှုခံယူကြရန် စသည့် အချက်များကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)