မုံးကိုး ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ယနေ့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နေ့လည်(၂)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က စာအုပ်စာပေသည်လူသားတို့အတွက် အရင်းအနှီးတစ်ခုဆိုတာကို အစချီ၍ပြောကြားကာ စာအုပ်၏ အရေးပါပုံများကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာရေးဆရာမောင်ကြည်သန့်၏” ဘာလဲဟဲ့အခက်အခဲလာစမ်းဟေ့အဆီးအတား’´ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါစာအုပ်ထဲတွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးအတွေးအမြင် စာစုဖြစ်သောကြောင့် စာပေချစ်မြတ်နိုးသူများ စိတ်ပါဝင်စားစွာပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မုံးကိုးမြို့အတွင်းရှိ
ဒေသခံပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာမှုတိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီး ရင်းနှီးထိတွေ့မှုများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသခြင်းကိုပါ ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပါသည်။ ထို့နောက် မူးယစ်ဆေးဝါးအသိပညာပေးအတွက် ဓာတ်ပုံပြပွဲပါ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းကို သိရှိရပါသည်။
မေစံပယ်ဖူး(မုံးကိုး)