ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဂျပန်စာဂျပန်စကား(အခမဲ့) ပညာဒါန ဖွင့်လှစ်သင်ကြားပေးခြင်း

ဒဂုံအရှေ့ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဂျပန်စာဂျပန်စကား(အခမဲ့) ပညာဒါနအဖြစ်ဖွင့်လှစ်သင်ကြားပေးခြင်းကို မြို့နယ်အတွင်း အမှတ်(၁၃)ရပ်ကွက်ရှိ မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၌ ယမန်နေ့ညနေပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

ထို့နောက်သင်တန်းကို‌ နမေတသာသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ပဓာနနာယက ဆရာတော်ဒေါက်တာအရှင်နေမိန္ဒ (သဒ္ဓမဇောတိကဓဇ)က အဖွင့်အမှာစကားအဖြစ် ယနေ့ကာလပညာရေးဖြင့်လည်းကောင်း၊ လူငယ်မောင်မယ်များအား ဘာသာစကားမျိုးစုံနားလည်တတ်ကျွမ်းကာ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းတွင်သင်ကြားမည် ဂျပန်ဘာသာစကားအား‌ ဂရုတစိုက်လေ့လေသင်ကြားကြစေလိုကြောင်း သင်တန်းပြီးစီးပါက အရည်အချင်းပြည့်မီသူများအား ဂျပန်သို့အလုပ်အကိုင်ရရှိရေး တရားဝင်စေလွတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

အဆိုပါသင်တန်းတွင် မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင်နေမိန္ဒက သင်တန်းမှူးအဖြစ်ကြီးကြပ်၍ သင်တန်းနည်းပြ ဆရာဦးဇေယျာမောင်က သင်ကြားပေးမည်‌ဖြစ်ကြောင်းသင်တန်းတွင် ဂျပန်စာN5(၃)လ၊ N4(၃)လသင်ကြား၍ ClassAသင်တန်းအား စနေ၊ တနင်္ဂနွေရက်များဖြစ်သော နေ့လည်၁နာရီမှ ၄နာရီအထိလည်ကောင်း၊ ClassB ကို အပတ်စဉ်ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာရက်များတွင် ညနေ(၆)နာရီမှ (၈)နာရီအထိလည်းကောင်း သင်ကြားမည်ဖြစ်၍ သင်တန်းသား၊ သင်တန်းသူဦးရေ ClassA(၇၅)ဦးနှင့် ClassB(၇၅)ဦးစုစုပေါင်း(၁၅၀)ဦး အခမဲ့ပညာဒါနအဖြစ်‌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ ဆက်)