ကျောင်းပတ်ဝန်းကျင်စိမ်းလမ်းစိုပြေလှပစေရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ခရမ်း ဇွန် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ခရမ်းမြို့ ကမာဖလိန်းကျေးရွာ အ.မ.က ကျောင်းပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်းစိမ်းလမ်းစိုပြေ၍၊ ကျေးလက်နေပြည်သူများ ထင်းရရှိစေရေးနှင့်အတွက် စုပေါင်းသစ်ပင်စိုက်ပျုးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းနှင့် ကျေးရွာအတွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စုပေါင်းစိုက်ပျိုးပွဲသို့ ခရမ်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများများက အ.မ.က (ကမာဖလိန်း)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းသာယာရေးအတွက်၊ ကြီးမြန်သစ်ပင်များ၊ ပန်းအလှပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ကျေးလက်နေပြည်သူများအတွက် ထင်းစိုက်ခင်းးအဖြစ် မန်ဂျန်ရှား အပင်(၂၄၂၀)ကို စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)