မင်းလှ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ အောင်ကိုဦး(UMK)ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က အောင်ကိုဦး(UMK)ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်မှ လူငယ်တွေကို လမ်းဖွင့်ပေးပါ၊ လူငယ်များနဲ့အမေ့အိမ်အပြန်၊ အင်တာဗျူးဖြေမယ်ဆိုရင်၊ အလုပ်လုပ်ကြတဲ့အခါအပါအဝင် အခန်းကဏ္ဍပါအကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအပြန်အလှန်ဆွေး နွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ပြည်သူများဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်
စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)