ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်

ဒဂုံအရှေ့  ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူရည်ချွန်ဂုဏ်ပြုပွဲအခမ်းအနားကို အဆိုပါမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပညာရေးမှူး ဒေါ်ထူးထူးလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြအေးက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး လူရည်ချွန်ဆုရရှိသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade10STEAM(1) ကျောင်းသူ မခိုင်မီမီဇော်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်၊ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြအေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရအောင်နှင့်တက်ရောက်လာကြသော အလှူရှင်များက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် လူရည်ချွန်ဆုရရှိသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade10STEAM(1) ကျောင်းသူမခိုင်မီမီဇော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါလူရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှပညာရေးမှူး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ ဆက်)