ရွှေကျင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကုတင်(၁၀၀) ဆေးရုံအုပ် ဒေါက်တာသောင်းဝင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်တိုင်းရင်းဆေးတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယမန်နေ့ နံနက်(၉)နာရီ(ခွဲ) အချိန်မှစ၍ ညောင်ဝိုင်း/ တရုတ္တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း တွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးနှင့်ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြှုပ်၊ ထည့် အကြောင်းအရာများ၊ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အိမွန်ဦးက ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများအကြောင်း ဟောပြောေပးခဲ့သည်။ ထို့နောက် ရွှေကျင်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာခင်ငြိမ်းခန့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ကျန်မာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ ဆက်)