အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားလူငယ်များ ပညာရည်မြင့်မားစေရေးနှင့် စာပေဗဟုသုတ တိုးပွားစေရေးတို့ကိုရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၁၆

ကျောင်းသားလူငယ်လေးများ ပညာရည်မြင့်မားစေရန်နှင့် စာပေဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့်၊ အခြေခံပညာ အလယ် တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို၊ ဇွန်လ (၁၅) ရက်နေ့ မွန်းလွဲ (၁) နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခြေခံပညာ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမစတင်မီ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပြိုင်ပွဲပြုလုပ် ရသည့် ရွယ်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀) ဦးတို့ကို မိမိတို့စိတ်ကြိုက် ခေါင်းစဉ်များဖြင့် တစ်ဦးချင်းယှဉ်ပြိုင်ကြရာ၊ မြို့နယ်ဦးစီးအရာရှိနှင့် ကြီးကြပ်သူ ဆရာမ (၂) ဦးတို့က အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ကြသည်။ ယင်းနောက် ပြိုင်ပွဲ ယှဉ်ပြိုင်အပြီးတွင် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ၊ ပထမဆု မမေမြတ်နိုး (Grade-8)၊ ဒုတိယဆု မရွှင်းပပအောင် (Grade-6)၊ တတိယ ဆု (၁) မဆုရတနာထွန်း (Grade-8)နှင့် တတိယဆု (၂) မရှင်းသန့်ဖြူ (Grade-8) တို့က ရရှိကြရာ၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ကြီးကြပ်သူဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နေအောင်