ပေါင် ဇွန် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးစနစ်မှန်ကန်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အသိပညာပေး (TALK SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းမွန်က စိုက်ပျိုးစနစ်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းစနစ် မှန်ကန်အောင်သင်တန်းများပို့ချပေးခြင်း၊ သီးနှံအထွက်တိုးအောင်ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ပျိုးသက်နုစိုက်ပျိုးနည်းစနစ်၊ ဘောင်ပျိုးစိုက်နည်းစနစ်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းစနစ်၊ ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်းစနစ်စသည်များ၊ ပျိုးထောင်စိုက်နည်းစနစ်နှင့် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးနည်းစနစ်ရဲ့ကွာခြားချက်များ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရွေးချယ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ပြီး စားသုံးဆန်ဖူလုံလာပြီး ဝင်ငွေတိုးပွားကာလူနေမှုအဆင့်မြင့်မားလာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)