ဒဂုံအရှေ့ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ မြို့နယ်တို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးလက်ထောက်ညွှန်ကြားရေးမှူးဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်ကလူငယ်များမူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဆွေအေးက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားဆိုင်ရာအကြောင်းအရာတွင် အားကစားနည်းလေးမျိုးရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်လာစေရန် အားကစားအားလေ့လာ၍လေ့ကျင့်ကြရန်လိုအပ်ကြောင်းဟောပြောခဲ့ပြီး နောက်လူငယ်ရေးရာနှင့်အားကစားဆိုင်ရာမေးခွန်းများဖြေဆိုနိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တီရှပ်အင်္ကျီများအမှတ်တရလက်ဆောင်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူလူငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များခင်းကျင်းပြသခဲ့ကြကြောင်းသိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)