ငါန်းဇွန် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီမှ စ၍ ညနေ ၅နာရီအချိန်အထိ မိသားစုတိုင်း ဆပ်ပြာသုံးစွဲမှု အဆင်ပြေစေရေးအတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာသော မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့ပေါ်ရပ် ကွက်များမှ ပြည်သူများအား စေတနာရှင် သင်တန်းနည်းပြဆရာမဒေါ်မို့မို့စံက ဆပ်ပြာဆီပြုလုပ်ပုံနည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး